တခါတလေပေါ့လေ လူတစ်ယောက်မှာ ခံစားချက်တွေ ရှိလာပြီဆိုရင် ကိုယ်အရမ်းရင်းနှီးသူကို ဖွင့်ပြောတတ်ကြတယ်...ဖွင့်မပြောရသေးဘူးဆိုရင်လည်း ရင်ထဲမှာမတင်မကျနဲ့ ရေချိန်မကိုက်သေးတဲ့ သူလိုပဲ အရာတိုင်းကိုစိတ်ထဲမထိဘူးဗျ ... လူတွေဆိုတာကလည်း ကိုယ်မှန်တယ်ထင်တာကို ဇွတ်လုပ်တတ်တဲ့သဘောလည်းရှိတယ်လေ... အဲဒီမှာစတွေ့တော့တာပဲ... မှန်တယ်ဆိုတာဘာလဲ...လောကကြီးမှာ ခုထိဝိ၀ါဒတွေ ကွဲပြားနေတာပဲ... အဖြူကမှန်တယ်ဆိုပေမယ့် အနက်ကလည်းသူဘာသာသူ မှန်နေနိုင်တာပဲလေ ... အဲဒီတော့ ဒါတွေကို နားလည်ပေးနိုင်ဖို့လိုလာတယ် .. နေရာတိုင်းမှာ ကိုယ်ကမှန်နေတာပဲဆိုပြီး ခေါင်းမော့ ရင်ကော့ပြီးလက်မထောင်နေလို့ မရဘူးလေ ... ဥပမာတစ်ခုလောက် ကျွန်တော်ပေးမယ် .. သူများဒုက္ခရောက်တာတွေ့ရင် ကူညီတတ်တဲ့ ကောင်လေးနဲ့ ချစ်သူကို အရမ်းသဝန်တိုတတ်တဲ့ ကောင်မလေး သူတို့နှစ်ယောက်မှာ အမှန်တရားတစ်ခုစီ ရှိတာကိုပြောပြမယ်နော် .. တစ်နေ့ ကောင်လေးက ကောင်မလေးနဲ့ ချိန်းထားတဲ့နေရာကို သွားစဉ်အချိန်မှာပေါ့ ... ကောင်မလေးကလည်း သူ့ချစ်သူကောင်လေးနဲ့ တွေ့ဖို့လာနေတာပေါ့ ... အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ချင်တော့ ကောင်လေးရဲ့ရှေ့ မလှမ်းမကမ်းမှာ ဒေါက်မြင့်ဖိနပ်စီးထားတဲ့ ကောင်မလေးတစ်ယောက် ခြေခေါက်ပြီး လဲသွားတယ် ပြန်မထနိုင်ဘူး .. ဒါကိုကောင်လေးက သွားကူညီလိုက်တယ် .. တွဲထူပေးလိုက်တယ် .. ဖြစ်ချင်နေတော့ တွဲထူနေချိန်မှာ ချစ်သူကောင်မလေးက တိုက်ဆိုင်စွာပဲတွေ့သွားတယ် .. သွားပြီ .... အကြီးကြီးပြဿနာကတက်ပြီ ... ကောင်လေးကသေချာရှင်းပြတယ် .. ကောင်မလေးက လက်မခံဘူး ... ကောင်မလေးတွေနဲ့ ပတ်သတ်တာသူမကြိုက်ဘူးလို့ ကောင်လေးကိုသေချာပြောထားရက်နဲ့ ခုတော့ သူ့စကားကို ကောင်လေးက လုံးဝဂရုမစိုက်ဘူး ဆိုပြီး အကြီးကြီးကွိုင်ရှာနေပြီ .. အဲမှာကောင်မလေးကပြောတယ် .. ကောင်လေးအနေနဲ့ သူကမှားပါတယ် .. နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး ဆိုပြီးတောင်းပန်ခိုင်းတယ် ... ကောင်လေးကလည်း ဒီကိစ္စမှာ သူအမှားကျူးလွန်တာ မဟုတ်လို့ ဒီလိုမျိုးတော့ မတောင်းပန်နိုင်ဘူး .. ဒါပေမယ့်ချစ်သူစိတ်ကျေနပ်အောင် နည်းမျိုးစုံနဲ့ချော့တယ် ...ကောင်မလေးကလည်း သူပြောခိုင်းတဲ့အတိုင်း မပြောရင်စိတ်မပြေဘူးဆိုတော့ ..... ဒီကိစ္စမှာ အမှန်တရားနဲ့ဖြေရှင်းလို့မရတော့ဘူးနော် .... ဒီနေရာမှာ နားလည်မှုရှိဖို့လိုလာပြီ ... ကျွန်တော်ပြောချင်တာ အဲဒါ ... ဒီနားလည်မှုဆိုတာကို ကျွန်တော်တို့ ဘယ်မှာရှာကြမှာလဲ .. ဘယ်သူ့ဆီမှာသွားတောင်းကြမလဲ .... အမှန်တော့ ကိုယ်မှန်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချတာ မမြန်စေချင်ဘူး .. သူတဖက်သား အတွက်ကိုလည်း နားလည်ပေးစေချင်တာပါ .. လူတိုင်းအဆင်ပြေပျော်ရွှင်ပြီး နားလည်မှုတွေ ကိုပိုင်ဆိုင်နိုင်ကြပါစေ ....
Tuesday 21 September 2010
Sunday 12 September 2010
ကျွန်တော် သူငယ်ချင်းတွေ အပျင်းပြေဆော့လို့ရအောင် ဒီဂိမ်းလေး တင်ပေးလိုက်ပါတယ် .. အပစ်အခတ်ကြိုက်သူတွေ အတွက်တော့ အကြိုက်တွေ့လိမ့်မယ် လို့ လည်းထင်ပါတယ် ...ကဲ အောက်က နေပြီးတော့ ဒေါင်းကြည့်လိုက်တော့ ..
ဒီ zip တွေကိုဖြည်ဖို့ အကောင်းဆုံးကတော့ winrarပါပဲ .... systemrequirement - Operating system: Windows 2000/XP/Vista/Seven- Processor: 2.0 GHz
- RAM: 512 MB RAM
- Video card: 128 Mb DirectX 9c
- Sound Card: DirectX 9.0c compatible
- Free disk space: 2Gb
Saturday 11 September 2010
beautiful girl wallpaper
ညီလေးတစ်ယောက်တောင်းလိုက်လို့တင်ပေးလိုက်တာပါ... beautyful girl wallpaper လေးတွေပါ....သဘောကျဆိုထင်ရင်..
Subscribe to:
Posts (Atom)